၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာဘောလုံး အကယ်ဒမီကျောင်းမှာ တက်ရောက်ခွင့်ရရှိသူ (၇၆)ယောက် ကို ဆန်ခါတင်အဖြစ် ရွေးချယ်ခေါ်ယူထားပြီးဖြစ်တယ်လို မေလ(၁၈)ရက်က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဘောလုံး အဖွဲချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ရန်ကုန်နဲ့မန္တလေးမြိုရှိ မြန်မာအမျိုးသားဘောလုံး အကယ်ဒမီတွေအတွက် ကစားသမား ရွေးချယ်တာကို မြန်မာ နိုင်ငံဘောလုံးအဖွဲချုပ်(MFF)နည်းစနစ်ဒါရိုက်တာ ဂျပန်နိုင်ငံသား မစ္စတာ မိတ ဦးဆောင်ကာ နည်းစနစ်အဖွဲ၊ မြန်မာ့လက်ရွေးစင်ဟောင်းတွေ ၊တိုင်းဒေသကြီးနဲ့ပြည်နယ်ဘောလုံးအဖွဲချုပ်တွေနဲ့ ဒေသခံတွေ ပူးပေါင်းကာ မတ်၊ဧပြီ၊မေလတွေမှာ ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဘောလုံးအကယ်ဒမီအတွက် ရွေးချယ်ခံဖို လူငယ် (၁၃၀၀)ကျော် ရှိခဲ့ပြီး အဲဒီအထဲက ပဏာမ ကစားသမား (၂၀၀)ကျော် ရွေးချယ်ခဲ့ကာ နောက်ဆုံးအဆင့်အဖြစ် ဆန်ခါတင် (၇၆)ယောက်ကို ရွေးချယ်နိုင်ခဲ့တာလို ဆိုပါတယ်။ရွေးချယ်ခဲ့တဲ့ ကျောင်းသားသစ်တွေကတော့ အသက်(၁၂)အောက်၊ အသက်(၁၃)နှစ်အောက်နဲ့ အသက်(၁၄)နှစ် အောက် ကျောင်းသားတွေကို ရွေးချယ်ခဲ့တာပါ။ အဲဒီကျောင်းသားများအတွက် နှစ်စဉ် နေစရိတ်၊ စားသောက် စရိတ်နဲ့ ပညာသင်စရိတ်တွေအလုံးကို အခမဲ့ စီစဉ်ပေးထားတဘ်လို သိရပါတယ်။

အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်)ကို တက်ရောက်ခွင့်ရရှိတဲ့ ကစားသမားတွေအနေနဲ့ မေလ(၂၈) ရက်မှာ အကယ်ဒမီကျောင်းကို လာရောက်ဆက်သွယ်ရမှာဖြစ်ပြီး မန္တလေးအကယ်ဒမီ တက်ရောက်ခွင့်ရတဲ့ ကျောင်းသား သစ်တွေအတွက် ကျောင်းကို လာရောက်ဆက်သွယ်ရမဲ့ ရက်ကို ထပ်မံကြေညာပေးသွားမှာ ဖြစ်တယ်လို မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်က ထုတ်ပြန်ထားပါတယ်။