တောင်အမေရိကတိုက်မှာ နွေရာသီကာလအတွင်း ခြင်ကနေတစ်ဆင့်ဖြစ်ပွားတဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုတွေဟာ တဟုန်ထိုး မြင့်တက်လာနေပါတယ်။ ဒီအတွက် ဘရာဇီးနိုင်ငံမှာဆိုရင် နိုဗဲလ်ကာကွယ်ဆေး ထိုးနှံရေးစီမံချက်ကို စတင်အကောင်အထည်ဖော်နေပါတယ်။
အခုလထဲကစပြီး ဘရာဇီးနိုင်ငံမှာ ရောဂါပျံ့ပွားမှုကို လျှော့ချဖို့အတွက် နိုင်ငံတွင်း မြို့တွေရဲ့ လမ်းတွေမှာ ပိုးသတ်ဆေးဖျန်းတဲ့ လုပ်ငန်းတွေ အစပြုဆောင်ရွက်နေပါတယ်။ ဘရာဇီးလီးယားမြို့တော်မှာ မြို့ခံပြည် သူတွေဟာ သွေးလွန်တုပ်ကွေးရောဂါ စမ်းသပ်စစ်ဆေးဖို့အတွက် ယာယီဖွင့်လှစ်ပေးထားတဲ့ ဆေးစင်တာတွေမှာ တန်းစီးပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူနေကြတာကို တွေ့ရပါတယ်။
ပါရာဂွေးနိုင်ငံမှာဆိုရင်လည်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်တက်လာနေလို့ ညပိုင်းမှာ ဖျားနာသူတွေကို ကုသပေးဖို့အတွက် ဆေးခန်းတွေ ဖွင့်လှစ်ပေးထားပါတယ်။
ဘရာဇီးမှာ ဇန်နဝါရီလ ပထမပတ်ထဲမှာတင် ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် သွေးလွန်တုပ် ကွေးဖြစ်ပွားမှု နှစ်ဆ ခုန်တက်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကာလတူတုန်းက ရောဂါဖြစ်ပွားမှုဟာ ၁၂,၆၀၀ ရှိရာကနေ အခုနှစ် ဇန်နဝါရီမှာတော့ ၃၈,၀၀၀ ထိရှိလာခဲ့ တာပါ။ တောင်အမေရိကနဲ့ တခြား ကမ္ဘာ့တောင်ဘက်ခြမ်းဒေသတွေမှာ အပူချိန်မြင့်တက်လာမှုနဲ့ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် သွေးလွန်တုပ်ကွေးဖြစ်ပွားတဲ့ ရာသီကို ပိုမိုကြာရှည်စေပြီး ရောဂါပျံ့ပွားမှုကိုလည်း ပိုဆိုးလာစေပါတယ်။