ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်ပြီး တားမြစ်ဓာတုပစ္စည်းတွေ ပါဝင်တယ်လို့ဆိုတဲ့ အလှကုန်ပစ္စည်း ၄၂ မျိုးကို ပြည်သူတွေ သုံးစွဲဖို့ မသင့်တော်ဘူးလို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက မေလ ၂၀ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ အခုတားမြစ်လိုက်တဲ့ အလှကုန်ပစ္စည်း ၄၂ မျိုးဟာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်ပုံတင်ထားတာလည်း မရှိဘူးလို့ သိရပါတယ်။
အဲဒီအလှကုန်တွေဟာ အင်ဒိုနီးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့က ထုတ်လုပ်တဲ့ အလှကုန်ပစ္စည်းတွေဖြစ်ပြီး သုံးစွဲဖို့ မသင့်တော်တဲ့ Mercury၊ Rhodamine B နဲ့ တခြားဓာတုပစ္စည်းတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။
အဲဒီတားမြစ်ဓာတုပစ္စည်းတွေဟာ အရေပြားယားယံတာ၊ ရောင်ရမ်းတာ၊ အဖြူအနီကွက်တွေဖြစ်တာ၊ အရေပြား ကတစ်ဆင့် ခန္ဓာကိုယ်အတွင်းကိုစုပ်ယူပြီး ထုံကျင်တာ၊ ကြွက်သားတုန်ခါတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက် တာနဲ့ စိတ်ကျရောဂါတွေအပြင် ရေရှည်သုံးစွဲရင် ကျောက်ကပ်ပျက်စီးတာနဲ့ တခြားရောဂါတွေပါ ဖြစ်ပွားစေနိုင် တယ်လို့ သိရပါတယ်။