ရဝမ်ဒါနိုင်ငံမှာ မာဘတ်ဂ် ကူးစက်ရောဂါဖြစ်ပွားနေပြီး ရောဂါစတင်ကတည်းက သေဆုံးသူခြောက်ယောက်နဲ့ ရောဂါဖြစ်ပွားသူ အယောက် ၂၀ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီး ဆာဘင် နာဆန်ဇီမာနာက ပြောပါတယ်။
သေဆုံးသူအများစုဟာ အထူးကြပ်မတ်ကုသဆောင်က ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်တယ်လို့ စက်တင်ဘာ ၂၉ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြို့တော် ကီဂါလီမှာလုပ်တဲ့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ လူနာ ၈ ရာခိုင်နှုန်းကျော်ဟာ ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်တယ်လို့လည်း ဝန်ကြီးက ရှင်းပြခဲ့ပါတယ်။
အင်စတီကျူးရှင်းတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေနဲ့ ထိတွေ့ဖူးသူတွေကို ခြေရာခံဖို့ လုပ်ဆောင်နေကြောင်းလည်း ပြောပါတယ်။
မာဘတ်ဂ်ရောဂါဟာ ပြင်းထန်တဲ့ ခေါင်းကိုက်တာ၊ အော့အန်တာ၊ ကြွက်သားကိုက်ခဲတာနဲ့ ဗိုက်နာတာ စတဲ့ လက္ခဏာတွေဖြစ်ပြီး တချို့လူနာတွေကို သေဆုံး စေနိုင် တယ်လို့လည်း ရဝမ်ဒါကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
သေဆုံးမှုနှုန်း ၈၈ ရာခိုင်နှုန်းအထိ မြင့်မား တဲ့ မာဘတ်ဂ်ဟာ အီဘိုလာရောဂါ ဖြစ်ပွားတဲ့ ဗိုင်းရပ်စ်မျိုးရိုးကဖြစ်ပြီး သစ်သီးစား လင်းနို့တွေကနေ လူတွေဆီ ကူးစက်တာပါ။
အဲဒီနောက် ရောဂါပိုးရှိသူရဲ့ ခန္ဓာကိုယ်က အရည်တွေနဲ့ ထိတွေ့မှုကတစ်ဆင့် ကူးစက်တတ် ပါတယ်။