မကွေးတိုင်းဒေသကြီးအတွင်းမှာ အာဟာရချို့တဲ့မှုကြောင့် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့ကလေး သေဆုံးမှုတွေ မရှိဘူးလို့ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနကနေ သိရပါတယ်၊၊
အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ဩဂုတ် ၁၉ ရက်က ကျင်းပခဲ့ပြီး ပြည်သူတွေ အတွက် အာဟာရရှိဖို့ အရေးပါတဲ့အကြောင်းတွေကို သိစေချင်သလို ပြည်သူတွေလည်း ပူးပေါင်းပါဝင် စေချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။

ကလေးငယ်တွေအတွက် အာဟာရ ပြည့်ဝဖို့က အရေးကြီးဆုံး ဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး နှင့် ကုသရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူ ဒေါက်တာ ခိုင်မြင့်ဇင်က ပြောပါတယ်။
ကျန်းမာရေးဌာနက အခုသြဂုတ်လ တစ်လလုံးကို အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ထားပြီး ကျောင်းတွေ၊ ရပ်ကွက်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း သိရ ပါတယ်၊၊