ရန်ကုန်မြို့ အာဇာနည်ဗိမာန်ကို လာရောက်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပေးချက်တွေကို တိကျ စွာ လိုက်နာဆောင်ရွက်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။
လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေဖြစ်တဲ့ ဖျားတာ၊ ချောင်းဆိုးတာ၊ အသက်ရှူရ ခက်ခဲတာ၊ အားအင်ကုန်ခန်း တာ စတဲ့ လက္ခဏာတွေ ဖြစ်ပွားလာရင် အခမ်းအနားကို လုံးဝမလာဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဇာနည်ဗိမာန်မှာ တာဝန်ထမ်းဆောင်နေကြသူတွေရဲ့ စီစဉ်ဆောင်ရွက်ပေးမှုနဲ့အညီ လိုက်နာဆောင်ရွက်ဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက အချိန်နဲ့ တစ်ပြေးညီထုတ်ပြန်ပေးတဲ့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပေးချက်တွေကို တိကျစွာ လိုက်နာဆောင်ရွက်ဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဇူလိုင် ၁၉ ရက် အာဇာနည့်နေ့မှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံ တစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူရေး၊ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဥဩဆွဲအချက်ပေးရေးနဲ့ မော်တော်ယာဉ်တွေ ဟွန်းတီးစေရေးတွေကိုလည်း အသိပေးညွှန်ကြားထားတယ်လို့ သိရပါတယ်။