ပဲခူတိုင်းဒေသကြီး၊တောင်ငူမြို့နယ်၊ကေတုမတီမြို့သစ်သီတဂူကေတုမတီအာယုဒါနဆေးရုံတော်ကြီးကိုမတ်လ(၆)ရက်နေ့ကဖွင့်လှစ်လိုက်ပါတယ်။

ဆေးရုံတော်ကြီးဖွင့်လှစ်ပွဲအခမ်းအနားကိုသီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနဲ့ဆေးရုံတော်များရဲ့အဓိပတိ၊နိုင်ငံတော်ဩဝါဒါစရိယ၊ရွှေကျင်နိကာယဂဏာဓိပတိ၊သောဠသမရွှေကျင်သာသနာပိုင်၊အဘိဓဇမဟာရဌဂုရုအဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိကဒေါက်တာဘဒ္ဒန္တဉာဏိဿရသီတဂူဆရာတော်ကြီးနဲ့ဆရာတော်ကြီးများ၊သံဃာတော်များကြွရောက်တော်မူကြပြီးသာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်၊ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ကာကွယ်ရေးဝန်ကြီးဌာနမှဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ကြည်သိုက်နဲ့တာဝန်ရှိပုဂ္ဂိုလ်တွေတက်ရောက်ကြည်ညိုခဲ့ကြပါတယ်။

အခမ်းအနားမှာသီတဂူဆရာတော်ကြီးထံမှဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ပြီး ဩဝါကထာနာယူကြပါတယ်။အဲဒီနောက်သီတဂူဆရာတော်ကြီးထံအလှုရှင်တွေက ဆေးရုံတော်ကြီးအတွက်အလှုငွေများဆက်ကပ်လှူဒါန်းကြရာ ဆရာတော်ကြီးများကိုယ်စား ပြည်ထောင်စုဝန်ကြီးတွေက အလှုငွေများလက်ခံကာဂုဏ်ပြုမှတ်တမ်းလွှာတွေ ပြန်လည်ပေးအပ်ခဲ့ကြတယ်လို့သိရပါတယ်။