ကွာရန်တင်း ချမှတ်ခဲ့တဲ့ သင်္ဘောပေါ်က Mpox သံသယဖြစ်စဉ်ဟာ မှားယွင်းသံသယရှိမိတဲ့ ဖြစ်စဉ်လို့ အာဂျင်တီးနား ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။
အာဂျင်တီးနား အာဏာပိုင်တွေက ဘရာဇီးကနေလာတဲ့ လိုက်ဘေးရီးယား အလံတင် ကုန်တင်သင်္ဘောကို ပါရာမြစ်တွင်းမှာ ကွာရန်တင်း ချမှတ်ခဲ့တာပါ။

အဲဒီသင်္ဘောပေါ်က သင်္ဘောအရာရှိတွေက အိန္ဒိယနိုင်ငံသား သင်္ဘောဝန်ထမ်း တစ်ယောက်မှာ အရေအပြားအဖုအပိမ့်ထတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ဆက်သွယ် အကြောင်းကြားလာတဲ့နောက် Mpox ကူးစက်မှု သံသယနဲ့ ကွာရန်တင်း ချမှတ်ခဲ့တာပါ။
ဒါနဲ့ ပတ်သက်ပြီး ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ရာမှာ အဲဒီဝန်ထမ်းမှာ ဖြစ်ပေါ်နေတာက ရေကျောက် ရောဂါသာ ဖြစ်နေတာကို စစ်ဆေးတွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။