သင်္ကြန်ပွဲတော်ကို လေးစားတန်ဖိုးထားမှု လျော့ပါးစေတဲ့ စရိုက်လက္ခဏာတွေဖြစ်တဲ့ အပြောအဆို၊ အဝတ်အစား၊ အကအခုန်တွေကို အလွန်အမင်း လိုက်စားပြုမှုတာနဲ့ အရက်သေစာ သောက်စားမူးယစ်တာတွေ ဆင်ခြင်ရှောင် ကြဉ်ဖို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက နှိးဆော်ချက် ထုတ်ပြန်ပါတယ်။မြန်မာ့ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနဲ့အညီ ရိုးရာမပျက် ဆက်လက် ထိန်းသိမ်းဖို၊ ပြည်သူတွေ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာနဲ့ ရေသဘင်ပွဲတော်မှာ ယဉ်ကျေးသိမ်မွေ့စွာ ပါဝင် ဆင်နွှနိုင်ဖို၊ မြန်မာမှု မြန်မာ့ဟန် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနှစ်သာရတွေ အမျိုးသားရေး စရိုက်လက္ခဏာတွေကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ဖို ရည်ရွယ်ချက်တွေနဲ့ ကျင်းပသွားမှာ ဖြစ်တယ်လို ဆိုပါတယ်။

အဲဒါကြောင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက်နဲ့ ဖီလာဆန့်ကျင်ပြီး မြန်မာလူမျိုးတွေရဲ့ အမြင်မှာ မတင့်တယ် တဲ့ နေထိုင်ပြုမူမှုတွေ ရှောင်ကြဉ်ဖို၊ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုမှုတွေ ရှောင်ကြဉ်ဖို၊ သူတစ်ပါးအန္တရာယ်ဖြစ် စေမယ့် ကြမ်းတမ်းတဲ့ ရေကစားမှု ထိပါးနှောင့်ယှက်မှုတွေ ရှောင်ကြဉ်ဖို၊ သူတစ်ပါး ဒါမှမဟုတ် အဖွဲအစည်း ဂုဏ် သိက္ခာ ပျက်ပြားထိခိုက်စေဖို သံချပ်ထိုးတာ သီဆိုတာ လှုပ်ရှားဆောင်ရွက်တာတွေ ရှောင်ကြည်ဖိုနဲ့ မြန်မာ့ ယဉ်ကျေးမှုလွန် ဝတ်စားဆင်ယင်မှုမျိုး ဝတ်ဆင်တာ ရှောင်ကြဉ်ဖို နှိးဆော်ချက် ထုတ်ပြန်ထားပါတယ်။

အလားတူ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကာလအတွင်း ယာဉ်မောင်းသူတွေအနေနဲ့ မူးယစ်သောက်စား မမောင်းဖို အပျော်လွန်ကျူးပြီး ပြိုင်မမောင်းဖို၊ ယာဉ်ဘေးတံခါးနဲ့နောက်ဖုံးတွေ ဖြုတ်မမောင်းဖို စတဲ့ အချက်တွေ ပါဝင်တဲ့ သတိပြုလိုက်နာရမယ့် အချက်တွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲကလည်း ထုတ်ပြန်ထားပါတယ်။ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ပထမဆုံး ကျင်းပမဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို တီးမှုတ် ကခုန်မှုတွေ မပါဘဲ အေးချမ်းစွာနဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့အညီ စီစဉ်သွားမယ်လို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲက ထုတ်ပြန်ထားပါတယ်။