ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဆေးရုံတွေမှာ ဇူလိုင် ၁၅ ရက်၊ ည ၆ နာရီကနေ ဇူလိုင် ၁၆ ရက်၊ ည ၆ နာရီ အ ထိ ၂၄ နာရီအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက်ကုသသူ လူနာသစ် ၇၄ ယောက် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ တစ်ရက်တာနဲ့ နှိုင်းယှဉ်ရင် ၂၂ ယောက် လျော့နည်းသွား ပါတယ်။ အဲဒီဝမ်းပျက်ဝမ်းလျှောရောဂါ လူနာသစ်တွေထဲမှာတော့ ငါးယောက်က ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူ လူနာတွေဖြစ်ပြီး လူနာတွေအားလုံးရဲ့ အခြေအနေမှာ သက်သာကောင်းမွန်တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁၆ ရက်မှာ ရောဂါသက်သာပျောက်ကင်းတဲ့ လူနာ ၉၂ ယောက်ကို ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့ပြီး စတင် ဖြစ်ပွားချိန်ကနေ ဇူလိုင် ၁၆ ရက်အထိဆိုရင် ဆေးရုံဆင်းလူနာ စုစုပေါင်း ၇၀၅ ယောက် ရှိပြီဖြစ်ပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။