ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ဆေးရုံတွေမှာ ဇူလိုင် ၉ ရက် မနက် ၆ နာရီကနေ ည ၆ နာရီအထိ ဝမ်းပျက် ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက်ကုသတဲ့လူနာသစ် ၆၄ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီလူနာသစ်တွေထဲက ၇ ယောက်က ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားတဲ့ လူနာတွေဖြစ်ပြီး လူနာတွေအားလုံးရဲ့ အခြေအနေမှာ သက်သာကောင်းမွန်တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားချိန်ကစပြီး ဇူလိုင် ၉ ရက် ည ၆ နာရီအထိ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက်ကုသတဲ့လူနာတွေထဲက အယောက် ၁၃၀ ဟာ သက်သာ ကောင်းမွန်တဲ့အတွက် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားမှုက စတင်လျော့ကျနေပြီဖြစ်ပြီး ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။