မွန်ပြည်နယ်၊ မော်လမြိုင်မြိုမှာ မေလ ၃ရက် မနက်ပိုင်းက ရေတွင်းအတွင်းဂွေဆင်းချရာကနေ အမျိုးသား ၂ယောက် အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့တယ်လို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲကနေ သိရပါတယ်၊၊ဖြစ်စဉ်မှာ မေလ ၃ရက် မနက် ၁၁နာရီအချိန်လောက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို၊ ကြာအင်းရပ်ကွက်၊ ရှမ်းရွာ(င)လမ်း နေအိမ်ရှိ ရေတွင်းအတွင်း ဂွေဆင်းချရာကနေ အမျိုးသား (၃)ယောက် အောက်ဆီဂျင်ပြတ်ပြီး သတိမေ့မြောခဲ့တယ်လို ဆိုပါတယ်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာကို မော်လမြိုင်မြိုနယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲတွေကရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့တယ်လိုဆိုပါတယ်။အဲ့ဒီဖြစ်စဉ်ကြောင့် အမျိုးသား(၂)ယောက် သေဆုံးကာ ကျန်အမျိုးသား (၁)ယောက်ကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို သိရပါတယ်၊၊ဖြစ်စဥ်ကသေဆုံးရုပ်အလောင်းတွေကို မော်လမြိုင်မြို၊ လူမှုကူညီရေးအသင်းကယာဉ်တွေနဲ့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို ပိုဆောင်ပေးခဲ့တယ်လို သိရပါတယ်။