ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဆေးရုံတွေမှာ ဇူလိုင် ၉ ရက် ည ၆ နာရီကနေ ဇူလိုင် ၁၀ ရက် ည ၆ နာရီအထိ ၂၄ နာရီအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက်ကုသသူလူနာသစ် ၁၁၅ ယောက် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီလူနာတွေထဲမှာ ၂၂ ယောက်က ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားသူတွေဖြစ်ပြီး လူနာတွေအားလုံး သက်သာကောင်းမွန်တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁၀ ရက်မှာ ရောဂါသက်သာပျောက်ကင်းတဲ့လူနာ ၈၇ ယောက်ကို ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး စတင်ဖြစ်ပွားချိန်ကနေ ဇူလိုင် ၁၀ ရက်အထိဆိုရင် ဆေးရုံဆင်းလူနာစုစုပေါင်း ၂၁၇ ယောက်ရှိပြီဖြစ်သလို ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကိုလည်း အရှိန်အဟုန်မြှင့်ပြီး ဆက်လက် ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။