ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ နာနတ်တောင်ကျေးရွာမှာ ငါးပူတင်းဟင်းချက်စားရာမှာ မိသားစုဝင် လေးယောက် အစာအဆိပ်သင့်ပြီး ငါးနှစ်အရွယ် ကလေးတစ်ယောက် သေဆုံးခဲ့တယ်လို့ အေးမြဖြူစင် (ဇီဝိတဒါန) သွေးလှူရှင်အသင်းက သိရပါတယ်။

ဖြစ်စဉ်ကတော့ ဖေဖော်ဝါရီ ၄ ရက်၊ ညနေပိုင်းက ငါးပူတင်းဟင်း ချက်စားရာကနေ အော့အန်ပြီး မိသားစုတွေ အစာအဆိပ်သင့်မှုဖြစ်ပြီး ဆေးရုံကို ချက်ချင်းမပို့နိုင်တဲ့အတွက် ငါးနှစ်အရွယ် ကလေးငယ်တစ်ယောက် အသက်ဆုံးရှုံးခဲ့ တယ်လို့ ဆိုပါတယ်။အစာအဆိပ်သင့်သူတွေကို နောက်တစ်နေ့မှာ အေးမြဖြူစင်(ဇီဝိတဒါန)သွေးလှူရှင်အသင်းက မြောင်းမြ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ခဲ့တယ်လို့ အသင်းက တာဝန်ရှိသူတစ်ယောက်က ပြောပါ တယ်။

လက်ရှိအချိန်ထိ အစာအဆိပ်သင့်သူ မိသားစုဝင်တွေမှာ စိုးရိမ်နေရဆဲ အခြေအနေမှာ ရှိပြီး ဆေးရုံက တာဝန်ရှိသူ တွေကလည်း ကြိုးစားကုသပေးနေတယ်လို့ သိရပါတယ်။