မြန်မာနိုင်ငံဟာ ငလျင်ရပ်ဝန်းမှာ တည်ရှိနေတဲ့အတွက် မြေထုရွေ့လျားမှုကို စောင့်ကြည်နိုင်ဖို့ GPS စက်တွေ တပ်ဆင်ထားတယ်လို့ မြန်မာနိုင်ငံငလျင်ကော်မတီကနေ သိရပါတယ်။

အဲဒီ GPS စက်တွေကို EOS ၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန(DMH)နဲ့ မြန်မာနိုင်ငံ ငလျင်ကော်မတီတို့ ပူးပေါင်းကာ (၂၀၁၁)ခုနှစ်က စတင်တပ်ဆင်ခဲ့ကြတာဖြစ်ပြီး အခုဆိုရင် GPS စက်တပ်ဆင်ထားတဲ့ စခန်း (၁၇)နေရာကနေ မြေထုရွေ့လျားမှုကို စောင့်ကြည်နေတယ်လို့ သိရပါတယ်။ GPS စက်တွေက ငလျင်ကြီးဖြစ်စေနိုင်တဲ့ မြေထုရွေ့လျားမှုကို စောင့်ကြည့်နိုင်ပြီး စစ်ကိုင်းပြတ်ရွေ့ကို အဓိက ထားကာ ပဲခူး၊ရမည်းသင်း၊ဟဲဟိုး၊လွိုင်လင် စတဲ့ မြို့နယ်တွေက ပြတ်ရွေ့တွေမှာ တိုင်းတာဖို့ တပ်ဆင်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို Gps စက် တပ်ထားတဲ့အတွက် တစ်နှစ်ကို မြေရွေ့နေမှုနဲ့ ငလျင်ဖြစ်တဲ့အချိန် မြေရွေ့သွားတာတွေကို တွက်ချက်နိုင်ပြီး ရွေ့လျားနေတဲ့ ဦးတည်ရာနဲ့ အလျင်ကို သိနိုင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ မြေထု ရွေ့လျားမှုကို တိုင်းတာတဲ့စက်တပ်ဆင်ထားတဲ့ စခန်း(၁၇)ခုအပြင် ငလျင်တိုင်းတာတဲ့စက်(၁၀)ခုကိုလည်း တပ်ဆင်ထားတယ်လို့ မြန်မာနိုင်ငံငလျင်ကော်မတီကနေ သိရပါတယ်။