ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကို ပေကျင်းဟုန်ဖန်း ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ လီမိတက်မှ Mr. Zhou Xiaofeng ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ်ပိုင်းမှာ ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမမှာ လာရောက်တွေ့ဆုံခဲ့ပြီး ကျန်းမာရေးဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံတို့အကြား လက်ရှိပူးပေါင်းဆောင်ရွက်နေတဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေနဲ့ ဆေးရုံတွေအချင်းချင်း ဆေးကုသမှုလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကိစ္စရပ်တွေ၊ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ခေတ်မီဆေးဘက်ဆိုင်ရာနဲ့ ဆေးရုံသုံးပစ္စည်းတွေကို မြန်မာနိုင်ငံမှာ မိတ်ဆက်ပြသနိုင်ရေးကိစ္စရပ် တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ပေကျင်းဟုန်ဖန်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်အနေနဲ့ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ခေတ်မီဆေးဘက်ဆိုင်ရာနဲ့ဆေးရုံသုံးပစ္စည်းတွေ၊ ရောဂါရှာဖွေရေး ကိရိယာတွေ၊ စက်ပစ္စည်းတွေ၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးတဲ့ ကိရိယာတွေကို ပြည်တွင်းမှာ ထုတ်လုပ် ဖြန့်ချိနိုင်ရေးနဲ့ ရင်းနှီးမြှုပ်နှံ မှု ဆောင်ရွက်နိုင်ရေးကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲကို ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနဲ့ ညွှန်ကြားရေးမှူးချုပ်တွေ၊ ပေကျင်း ဟုန်ဖန်းရင်းနှီး မြှုပ်နှံမှုကုမ္ပဏီက ကိုယ်စားလှယ်တွေ၊ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြတယ် လို့ သိရပါတယ်။