မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ မေလ ၁၁ ရက်အထိ သေဆုံးသူ ၃၇၂၁ ယောက်၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ယောက်နဲ့ ပျောက်ဆုံးသူ ၈၆ ယောက်အထိ ရှိနေပြီဖြစ်တယ်လို့ မေလ(၁၂)ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာ ပါရှိပါတယ်၊၊

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ ပြည်တွင်းပြည်ပက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ လိုအပ်တဲ့ဒေသတွေကို အချိန်နဲ့တစ်ပြေးညီ ရှာဖွေကယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့ပြီး အဆောက်အအုံတွေအတွင်း ပိတ်မိနေသူ တွေကို ရှာဖွေကယ်ဆယ်ပေးခဲ့တယ်လို့ ဆိုပါတယ်၊၊အဲဒီလို ရှာဖွေကယ်ဆယ်ရာ လက်ရှိအချိန်အထိ အသက်ရှင်သူ ၆၅၃ ယောက်ကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၇၉၈ ယောက်ကိုလည်း ရှာဖွေပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်၊၊

ဒါ့အပြင် ငလျင်ဘေးသင့်ပြည်သူတွေအတွက် ပြည်တွင်းစေတနာရှင်တွေနဲ့ ပြည်ပနိုင်ငံတွေ၊ အဖွဲ့အစည်းတွေ၊ စေတနာရှင်အလှူရှင်တွေက ငွေနဲ့အလှူပစ္စည်းတွေကို ထောက်ပံ့လှူဒါန်းနေပြီး အဲဒီထောက်ပံ့ရေးပစ္စည်း တွေကိုလည်း ငလျင်ဘေးသင့်ပြည်သူတွေ လက်ဝယ်အရောက် ရောက်ရှိအောင် အမြန်ဆုံး ခွဲဝေထောက်ပံ့ပေး နေတယ်လို့ သိရပါတယ်၊၊