မန္တလေးငလျင်ကြီးဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ ဧပြီ ၃၀ ရက်အထိ သေဆုံး သူ ၃၇၉၉ ယောက်ရှိပြီဖြစ်ပြီး ဒဏ်ရာရသူ ၅၁၀၅ ယောက်နဲ့ ပျောက်ဆုံးသူ ၁၀၆ ယောက်ရှိပြီ ဖြစ်တယ်လို သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံတကာကူညီထောက်ပံ့မှုတွေအနေနဲ့ ဧပြီ ၂၉ ရက် ည ၇ နာရီကနေ ဧပြီ ၃၀ ရက် ညနေ ၅ နာရီအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို IOMကတစ်ဆင့် ထောက်ပံ့ပေးသွားမဲ့ စုစုပေါင်းတန်ချိန် ၆၆ ဒသမ ၄၄၂ တန်ရှိတဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ၊ ခြင်ထောင်၊ စောင်၊ ဆိုလာမီးအိမ်၊ တာပေါ်လင်၊ အိပ်ယာခင်း၊ Jerrycan၊ ကြိုးခွေတွေ သယ်ဆောင်လာတဲ့ လေယာဉ် ရောက်ရှိခဲ့တယ်လို သိရပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံက လှူဒါန်းတဲ့ စုစုပေါင်းတန်ချိန် ၀ ဒသမ ၄၈၅ တန်ရှိတဲ့ ခေါက်ဆွဲခြောက်၊ ဘီစကွတ်၊ စောင်၊ ခြင်ထောင်၊ အဝတ်အထည်တွေပါဝင်တဲ့ ကတ္ထူပုံးတွေလည်း ရောက်ရှိခဲ့တယ်လို ဆိုပါတယ်။ထောက်ပံ့ရေးပစ္စည်းတွေကိုလည်း ဘေးသင့်ပြည်သူတွေရဲ့လက်ဝယ်အရောက် အမြန်ဆုံး ခွဲဝေထောက်ပံ့ ပေးနေတယ်လို သိရပါတယ်။
ဓာတ်ပုံ- MFSD