မိုးရာသီကာလမှာ သွေးလွန်တုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များတဲ့အတွက် မကွေးမြို့နယ်အတွင်း အခြေခံပညာကျောင်းတွေမှာ ကျောင်းကျန်းမာရေးလုပ်ငန်းတွေ အဆင့်မြှင့်တင်ဆောင်ရွက်နေတယ်လို့ မကွေးမြို့ နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ တာဝန်ခံဒေါ်ဌေးဌေးမော်ကပြောပါတယ်။ ကျောင်း ကျန်းမာရေးလုပ်ငန်းတွေကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းတွေနဲ့ အခြေခံပညာဦးစီးဌာနက ဆရာ၊ ဆရာမတွေ ပူးပေါင်းလုပ်ဆောင်နေတာလို့ ဆိုပါတယ်။

ကျန်းမာရေးစစ်ဆေးပေးတာအပြင် အခြေခံပညာကျောင်းတွေမှာရှိတဲ့ မုန့်ဆိုင်တွေကိုလည်း သန့်ရှင်းမှု ရှိမရှိ၊ ယင်နားစာတွေ ရောင်းချတာ ရှိမရှိတို့ကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အခြေခံပညာကျောင်းတွေမှာ ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်ပေးတဲ့အတွက် ကျောင်းသားရဲ့ ကျန်းမာရေးကို များစွာအထောက်အကူပြုတယ်လို့ မကွေးမြို့ အ.ထ.က(၁) ကျောင်းမှ မူလတန်းပြဆရာမ ဒေါ်ဇာနည်ဝေကပြောပါတယ်။
ကျောင်းကျန်းမာရေးလုပ်ငန်းတွေကို နှစ်စဥ် ဇူလိုင်လကနေစတင်ကာ မိုးရာသီကာလအတွင်း အဓိကလုပ်ဆောင်နေတာဖြစ်ပြီး အခုသြဂုတ်လအတွင်း ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် သတ်မှတ်ထားတယ်လို့သိရပါတယ်။