ဖိလစ်ပိုင် အရေးပေါ်ကျန်းမာရေးအထောက်အကူပြုအဖွဲ့က မန္တလေးငလျင်ကြီးဘေးဒဏ်သင့်ခဲ့တဲ့ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်မှာ ဧပြီ၄ရက်ကစပြီး ဒေသခံတွေကို ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်ဆေးအဖွဲ့အနေနဲ့ ပျဉ်းမနားမြို့၊ ဘိုးမင်းခေါင် ဘုရားအနီးမှာရှိတဲ့ ဘောလုံးကွင်းမှာ စခန်းဖွင့်ပြီး ဆေးကုသပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ကုသမှုပေးရာမှာ ငလျင်ကြီးဒဏ်ကြောင့် ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရသူတွေကို ကုသပေးနေသလို စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ကြုံတွေ့ရသူတွေ၊ ပြင်ပလူနာတွေကိုပါ ကုသပေးနေတယ်လို့ ဆေးကုသရေးအဖွဲ့ခေါင်းဆောင် Ivy D. Lozadaက ပြောပါတယ်။

ဖိလစ်ပိုင်ဆေးအဖွဲ့မှာ အဖွဲ့ဝင်(၃၂)ယောက် မြန်မာနိုင်ငံကို လိုက်ပါလာပြီး ဆေးကုသမှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။