အခုနှစ်အတွင်းမှာ အထူးရန်ပုံငွေနဲ့ ဆေးရုံသုံးပစ္စည်းဝယ်ယူတာတွေ၊ ဆေးရုံအဆင့်မြှင့်တင်တာတွေ ဆောင်ရွက်ပေးသွားမယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဇူလိုင် ၂၉ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလိုပြောကြားလိုက်တာပါ။

ကျန်းမာရေးပိုင်းနဲ့ပတ်သက်ပြီး မိမိတို့ စတင်တာဝန်ယူစဉ်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့အခက်အခဲ၊ အကျပ်အတည်းတွေကို ကျန်းမာရေးဝန်ထမ်းတွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ပြည်သူလူထုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။
ကျန်းမာရေးပိုင်းမှာ ဝန်ထမ်းတွေ ပြည့်မီစွာ ခန့်အပ်နိုင်ဖို့နဲ့ ဆေးပစ္စည်းတွေ ပြည့်စုံမှုရှိစေဖို့ အစိုးရအနေနဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးနေတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားသွားပါတယ်။