ကျိုတ်လတ်မြိုကနေ ရန်ကုန်ကိုဆေးလာကုပြီး နေရပ်ပြန်မယ့် ဆေးရုံဆင်းလူနာနဲ့မိသားစုဝင်တွေကို တင်ဆောင်လာတဲ့ ကျိုက်လတ်မြိုက လူမှုကူညီရေးအသင်းကားတစ်စီးဟာ မတ်လ၁၄ရက်၊ ညနေပိုင်းက ရန်ကုန်မြို၊ သခင်မြပန်းခြံမီးပွိင့်အနီးမှာ ယာဉ်မတော်တဆမှုဖြစ်ပြီး လူနာသေဆုံးသွားတယ်လို ဖြစ်စဉ်ကိုသွားရောက်ကူညီခဲ့တဲ့ ဒေသခံလူမှုကူညီရေးအဖွဲတွေဆီကနေ သိရပါတယ်။

ကားပေါ်မှာ ဆေးရုံဆင်းလူနာအမျိုးသားအပါအဝင် အမျိုးသား၅ယောက် အမျိုးသမီး၁ယောက် လိုက်ပါလာပြီး ယာဉ်တိုက်မှုကြောင့် ဆေးရုံဆင်းလူနာအမျိုးသားသေဆုံးသွားတာဖြစ်တယ်လို ဆိုပါတယ်။ဒီဖြစ်စဉ်ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲဝင်တွေနဲ့ အလုံ၊ ကြည့်မြင်တိုင်မြိုနယ်တွေက လူမှုကူညီရေးအသင်းအဖွဲတွေ သွားရောက်ကူညီခဲ့ပြီး သေဆုံးသူရုပ်အလောင်းနဲ့ ဒဏ်ရာရသူတွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပိုဆောင်ပေးခဲ့တယ်လို သိရပါတယ်။
ဓာတ်ပုံ- တိုက်ကြေကား Facebook