လူနာတွေ စိုက်ထုတ်သုံးစွဲရတဲ့ ကုန်ကျစရိတ် လျော့နည်းစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံ တော်ရန်ပုံငွေကို အသုံးပြုပြီး မရှိမဖြစ်လိုအပ်တဲ့ အရည်အသွေးကောင်းမွန်တဲ့ ဆေးနဲ့ဆေးပစ္စည်းတွေကို ဝယ်ယူ ထောက်ပံ့ပေးနေတာကြောင့် အခြေခံမရှိမဖြစ် ဆေးဝါးတွေ၊ အရေးပေါ်ဆေးဝါးတွေ၊ ခွဲစိတ်ခန်းသုံးဆေးနဲ့ ဆေး ပစ္စည်းတွေကို ပြတ်လပ်မှုမရှိစေအောင် စနစ်တကျစီမံခန့်ခွဲပေးကြဖို့ လိုတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ Training Center မှာရန်ကုန်မြို့ရှိ ဗဟိုအဆင့်ဆေးရုံတွေ၊ ခုတင်(၂၀၀)နဲ့အထက် ပြည်သူ့ဆေးရုံကြီးတွေက ဆေးရုံအုပ်ကြီးတွေ၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးတွေနဲ့တွေ့ဆုံအမှာစကား ပြောကြားရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။အရေးပေါ်ကုသမှုတွေ၊ ခွဲစိတ်ကုသမှုတွေနဲ့ ဓာတ်ခွဲစစ်ဆေးမှုတွေအတွက်လည်း ငွေကြေးကုန်ကျမှု မရှိစေရေးကို စီမံဆောင်ရွက်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သဘာဝဘေးအန္တရာယ်နဲ့ လူအများ အစုလိုက်၊ အပြုံလိုက် ကုသမှု ဆောင်ရွက်ပေးနိုင်ရေးအတွက် Mass Casualty Management Plan တွေကို ဆေးရုံအလိုက် ရေးဆွဲထား ရှိဖို့ လိုအပ်ပြီး ဇာတ်တိုက်လေ့ကျင့်မှုတွေကိုလည်း ဆေးရုံအလိုက် သေချာစွာ ဆောင်ရွက်ထားကြဖို့ လိုအပ်တယ် လို့လည်း ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့ပါတယ်။