ဆိုရှယ်မီဒီယာကို စွဲလမ်းခြင်းကြောင့် စိတ်ကျန်းမာရေးချို့ယွင်းမှုတွေ ဖြစ်နိုင်ခြေရှိကြောင်း ထိုင်းနိုင်ငံ အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDC) ကသတင်းထုတ်ပြန်ထားတာကို Thaiger News မှာဖော်ပြထားပါတယ်။ Generation Z ဒါမှမဟုတ် ၁၉၉၈ ကနေ ၂၀၂၄ခုနှစ် အတွင်းမွေးဖွားသူတွေဟာ ဆိုရှယ်မီဒီယာကို အလွန်အကျွံအသုံးပြုနေတာကို တွေ့ရပါတယ်။

Generation Z တော်တော်များများဟာ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှု၊ ခရီးသွားလုပ်ငန်းကနေ ဝင်ငွေရရှိပုံနဲ့ ဆိုရှယ်မီဒီယာ ကနေ တစ်ဆင့် နိုင်ငံခြားဘာသာစကားကျွမ်းကျင်မှု တိုးတက်ရေးဆိုင်ရာ အကြောင်းအရာအများအပြား ရှာဖွေရတာကို နှစ်သက်ကြပါတယ်။Generation Z တွေဟာ YouTube (၈၉%)၊ Facebook (၈၈%)၊ TikTok (၇၈%)၊ Instagram (၇၃%) နဲ့ X (၄၈%) တို့ကိုအသုံးများပါတယ်။သူတို့ဟာ အဆိုပါ ဆိုရှယ်မီဒီယာတွေကို အသုံးချပြီး တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရရှိဖို့အတွက် ကြိုးပမ်းနေကြတာတာလည်းဖြစ်ပါတယ်။

Generation Z တွေရဲ့ ပျမ်းမျှနေ့စဉ်အင်တာနက်အသုံးပြုမှုက ၁၂ နာရီနဲ့ ၈ နာရီအထိ ရှိတာကြောင့် အချိန်အကြာကြီးအသုံးပြုခြင်းဟာ စိတ်ကျန်းမာရေးချို့ယွင်းမှု ဖြစ်ပေါ်နိုင်ချေများတယ်လို့ သုသေသနပညာရှင်တွေက ပြောပါတယ်။ဆိုရှယ်မီဒီယာကို အချိန်ကြာမြင့်စွာအသုံးပြုခြင်းက Generation Z ၅၃ % ကျော်ကို စိတ်ကျန်းမာရေးချို့ယွင်းမှုများစွာဖြစ်ပေါ်စေနိုင်ပြိး ၅၈% ကတော့ အခြားသူတွေရဲ့ ဖိအားများစွာကို ရင်ဆိုင်ရပြီး စိတ်ထိခိုက်မှုများစွာကြုံတွေ့နေရကြောင်း ထိုင်းနိုင်ငံ အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDC) က အသိပေးလာတာဖြစ်ပါတယ်။