ရွှေသံလွင်လုပ်ငန်းအုပ်စု Sky Net၊ Shwe Bank နဲ့ Mo Money တို့က နေပြည်တော်၊ မန္တလေးနဲ့ စစ်ကိုင်းမြို့ တွေက ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် နေ့လယ်စာ/ညနေစာ ထမင်းနဲ့ဟင်းလျာတွေ လှူဒါန်းပေးနေရာမှာ မေ ၁၄ ရက်အထိ လူဦးရေ နှစ်သန်းကျော်စာအတွက် အာဟာရဒါန စတုဒိသာ ထမင်းနဲ့ဟင်းလျာတွေ လှူဒါန်း ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလိုလှူဒါန်းရာမှာ နေပြည်တော်၊ မန္တလေးနဲ့ စစ်ကိုင်းမြို့တွေမှာရှိတဲ့ ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်း တွေ၊ သီလရှင်ကျောင်းတွေ၊ ဝန်ကြီးဌာနတွေ၊ ရပ်ကွက်/ကျေးရွာတွေ၊ ယာယီကယ်ဆယ်ရေးစခန်းတွေနဲ့ ရှာဖွေ ကယ်ဆယ်ရေးမှာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေသူတွေကို လှူဒါန်းပေးနေတာဖြစ်ပါတယ်။လှူဒါန်းမှုအနေနဲ့ နေပြည်တော်မှာ မတ် ၃၁ ရက်ကနေ မေ ၁၄ ရက်အထိ လူဦးရေ ၁၄၈၈၁၅၁ ယောက်စာ၊ မန္တလေးမှာ ဧပြီ ၄ ရက်ကနေ မေ ၄ ရက်အထိ လူဦးရေ ၃၇၄၃၃၅ ယောက်စာနဲ့ စစ်ကိုင်းမြို့မှာ ဧပြီ ၁၈ ရက်ကနေ မေ ၁၄ ရက်အထိ ၁၆၃၇၂၀ စာ လှူဒါန်းထားပြီး ဖြစ်ပါတယ်။

ချက်ရေးပြုတ်ရေး အခက်အခဲဖြစ်နေချိန်မှာ အခုလို အသင့်ချက်ပြီးသား ထမင်းနဲ့ဟင်းလျာတွေ လာရောက် လှူဒါန်းပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြည်သူတွေက ပြောကြပါတယ်။ ရွှေသံလွင်လုပ်ငန်းအုပ်စုအနေနဲ့ နိုင်ငံတွင်းမှာ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့လာတဲ့အခါတိုင်း အခုလိုမျိုး အာဟာရဒါန စတုဒိသာတွေ အစဉ်အမြဲ လှူဒါန်းပေးနေတာဖြစ်တယ်လို့ သိရပါတယ်။