ဂျပန်ဆေးကုသရေးအဖွဲ့က မန္တလေးမြို့ရှိ ငလျင်ကြီးဒဏ်သင့်ပြည်သူတွေကို အခမဲ့ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

အဲဒီအဖွဲ့မှာ ဆရာဝန်၊ သူနာပြုအပါအဝင် အဖွဲ့ဝင်(၃၆)ယောက်ပါဝင်ပြီး တစ်ရက်ကို လူနာအယောက်(၁၀၀)ကျော်ကို ကုသပေးနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက ပြည်သူတွေကို ကူညီချင်တဲ့အတွက် လာရောက်တာဖြစ်တယ်လို့ ဂျပန်ဆေးကုသရေးအဖွဲ့က သူနာပြုအကြီးအကဲခေါင်းဆောင် မာဆုတာက ပြောပါတယ်။

ဂျပန်ဆေးကုသရေးအဖွဲအနေနဲ့ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက် ဧပြီလ(၄)ရက်နေ့ကစပြီး ဆေးကုသပေးတာခဲ့ဖြစ်ပြီး လက်ရှိအချိန်အထိလူနာပေါင်းတစ်ထောင်နီးပါး ကုသပေးခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဂျပန်ဆေးကုသရေးအဖွဲ့အနေနဲ့ ဧပြီလ(၂၆)ရက်နေ့အထိ အခမဲ့ဆေးကုသပေးသွားမှာဖြစ်ပြီး မနက်၈နာရီကနေ ညနေ၄နာရီအထိ ကုသပေးနေတယ်လို့ သိရပါတယ်။
ဂျပန်အခမဲ့ဆေးကုသရေးအဖွဲ့ကို လာရောက်ပြသကြတဲ့လူနာတွေထဲမှာ ရိုးရိုးဖျားနာကြတဲ့လူနာတွေလည်းရှိသလို ငလျင်ကြောင့် ထိခိုက်ခဲ့ရတဲ့ဒဏ်ရာရသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။