ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့ မြို့တော် ကင်ရှာဆာမှာ ဆရာဝန်တွေဟာ Mpox ဝေဒနာ ခံစားနေရတဲ့ လူနာတွေကို သြဂုတ် ၃၀ ရက်က ကုသမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မျောက်(ကျောက်)ရောဂါလို့ သိကြတဲ့ Mpox ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် အခုလအစောပိုင်းမှာ ကြေညာပြီးကတည်းက ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာ သတိကြီးကြီး ထားနေကြပါတယ်။
ဗီဂျာနာဖောင်ဒေးရှင်းက Mpox စင်တာ အကြီးအကဲ ဒေါက်တာ ဂျိုဆေး ပူလူလူက လိင်အင်္ဂါဒဏ်ရာတွေအပါအဝင် Mpox ကြောင့် ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပုံကို သတိပေးခဲ့ပါတယ်။

ဗိုင်းရပ်စ်အသစ်ကို တိုက်ဖျက်ဖိုအတွက် ကွန်ဂိုကို လာမယ့်ရက်တွေအတွင်း mpox ကာကွယ်ဆေးတွေ ရောက်ရှိလာဖို မျှော်လင့်ထားကြောင်း WHO က သောကြာနေ့မှာ ပြောပါတယ်။
ဥရောပကော်မရှင်နဲ့ ဒိန်းမတ်ဆေးကုမ္ပဏီ ဘာဗာရီယန် နောဒစ်က လှူဒါန်းတဲ့ ဆေးပမာဏ ၂၃၀၀၀၀ လောက်ကို ဖြန့်ဖြူးဖို့ အဆင်သင့်ဖြစ်နေပြီလို့ WHO တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အခုနှစ်အတွင်း ကွန်ဂိုမှာ mpox သံသယရှိသူ ၁၈,၀၀၀ ကျော်နဲ့ သေဆုံးသူ ၆၂၉ ဦးရှိကြောင်း၊ ဘူရွန်ဒီမှာ အတည်ပြုလူနာ ၁၅၀ ကျော်ရှိကြောင်း WHO က အစီရင်ခံခဲ့ပါတယ်။