ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၂၂ ရက် ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ ဇူလိုင် ၁၄ ရက်ကနေ ၂၁ ရက်အထိ တစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာသစ် အယောက် ၂၀ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က ကိုဗစ်လူနာသစ် ၄၁ ယောက်တွေ့ရှိခဲ့တဲ့အတွက် ကိုဗစ်လူနာသစ်တွေ့ရှိမှု ၂၁ ယောက် လျော့နည်းသွားတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ဗီဇပြောင်း မျိုးကွဲတွေကို တွေ့ရှိရကြောင်း ကြေညာထားပြီးဖြစ်တဲ့အတွက် ရောဂါအခံ ရှိသူတွေအနေနဲ့ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်း ထားပါတယ်၊၊