ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၂၄ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ဇွန်လ ၁၆ ရက်ကနေ ၂၃ ရက်အထိ တစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၆၆ ယောက် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က ကိုဗစ်လူနာသစ် ၇၃ ယောက်တွေ့ရှိခဲ့ပြီး အခုတစ်ပတ်မှာတော့ ၆၆ ယောက်တွေ့ရှိခဲ့တဲ့ အတွက် ကိုဗစ်လူနာသစ်တွေ့ရှိမှုက ၇ ယောက် လျော့နည်းသွားတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ဗီဇပြောင်းမျိုးကွဲတွေကို တွေ့ရှိရကြောင်း ကြေညာထားပြီးဖြစ်တဲ့အတွက် ရောဂါအခံ ရှိသူတွေအနေနဲ့ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်း ထားပါတယ်၊၊