နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ အခုနှစ်အတွင်း အသက် ၁ နှစ်ကနေ ၅ နှစ်အတွင်း ကလေးငယ် ၁ သိန်း ၂ သောင်းကျော်ကို ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခဲ့ပြီး ဖြစ်တယ်လို့ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ပြောပါတယ်၊၊
ဩဂုတ်လ ၆ ရက်က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာနမှာကျင်းပတဲ့ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံဖို့ ကျန်ရှိတဲ့အသက် ၁ နှစ်မှ ၅ နှစ်အရွယ်ကလေးတွေကို အမီလိုက်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအပေါ် ကွင်းဆင်းကြည့်ရှုတွေ့ရှိချက်တွေ ပြန်လည်တင်ပြတဲ့အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်၊၊
အဲဒီလို ကာကွယ်ဆေးထိုးနှံရာမှာ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ အခုနှစ် ဧပြီလမှာ ပထမအကြိမ်၊ ဇွန်လမှာ ဒုတိယအကြိမ်နဲ့ အခုဩဂုတ်လမှာ တတိယအကြိမ်အဖြစ် အသက် ၁ နှစ်ကနေ ၅ နှစ်အတွင်း ကလေးငယ် ၁ သိန်း ၂ သောင်းကျော်ကို ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခဲ့တာဖြစ်တယ်လို့ ပါမောက္ခဒေါက်တာအေးထွန်းကပြောပါတယ်၊၊
ထိုးနှံတိုက်ကျွေးခဲ့တဲ့ ကာကွယ်ဆေးတွေကတော့ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအစက်ချဆေး၊ ပိုလီယိုကာကွယ်ဆေး ထိုးဆေးနဲ့ ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေးတွေကို အမီလိုက် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးတဲ့လုပ်ငန်း စီမံချက်နဲ့ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်၊၊