နေပြည်တော်နယ်မြေအတွင်းရှိ အကျုံးဝင်မှတ်ပုံတင်ထားတဲ့ အာမခံအလုပ်သမားတွေကို လုပ်ငန်းခွင်အရောက် ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးတာကို ဇူလိုင်လ ၄ ရက်က လုပ်ဆောင်ပေးခဲ့တယ်လို့ အလုပ်သမား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ကနေ သိရပါတယ်၊၊
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နဲ့ တော်ဝင်နဂါးအထွေထွေရောဂါကုဆေးခန်းက ရောဂါရှာဖွေရေး ဓာတ်ခွဲဌာနတို့ပူးပေါင်းပြီး လူမှုဖူလုံရေးရွေ့လျားဆေးကုသယာဉ်နဲ့ နေပြည်တော်အတွင်းက အာမခံအလုပ် သမားတွေကို ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်၊၊

ကျန်းမာရေးစစ်ဆေးကုသပေးမယ့်ရောဂါတွေကတော့ သွေးအုပ်စုခွဲတာ၊ သွေးအားနည်းတာ၊ ကျောက်ကပ်စစ် ဆေးတာ၊ အသည်းစစ်ဆေးတာ၊ အဆစ်အမြစ်ရောင်ကိုင်းတာ၊ လေးဘက်နာ စတဲ့ ရောဂါတွေကို စစ်ဆေးဆောင် ရွက်ပေးမှာဖြစ်ပြီး လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်၊၊
အခုလိုကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးတာဟာ ဒုတိယအကြိမ် စီမံချက်အနေနဲ့ ဆောင်ရွက်တာဖြစ်ပြီး အကျုံးဝင်မှတ်ပုံတင်ထားတဲ့ အလုပ်ဌာန (၃၃၄)ဌာနက အာမခံအလုပ်သမား ၁၄၅၀၈ ယောက်ကို စစ်ဆေး ကုသပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊