အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသဆု(Asean Smoke Free Award)ကို မြန်မာနိုင်ငံကရရှိခဲ့တယ်လို့ ဩဂုတ် ၁ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ဆေးလိပ်ငွေ့ကင်းစင်ဒေသတွေ ထူထောင်ထားရှိတဲ့အနက် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို အာဆီယံဆေးလိပ်ငွေ့ ကင်းစင်ဒေသဆုအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

စိစစ်ရွေးချယ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့ အမှတ်ပေးစည်းမျဉ်းနဲ့ စိစစ်ရွေးချယ်ခဲ့ပြီး ရွှေတံဆိပ်ဆုကို ဖိလစ်ပိုင် နိုင်ငံ Iioilo City (အီလိုအီလိုစီးတီး) ၊ ငွေတံဆိပ်ဆုကို အင်ဒိုနီးရှားနိုင်ငံ Bogor City (ဘိုဂါစီးတီး)၊ ကြေးတံဆိပ် ဆုကိုတော့ ထိုင်းနိုင်ငံ Saensuk (စီယန်စစ်) Municipality နဲ့ မြန်မာနိုင်ငံ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတွေက ပူးတွဲ ရရှိခဲ့တာလို့သိရပါတယ်။
မြန်မာနိုင်ငံကရရှိတဲ့ အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသဆုကိုတော့ လာမယ့်ဩဂုတ် ၈ ရက်မှာ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာကျင်းပမယ့် ၁၆ ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးမှာ ပေးအပ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။