ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဆေးရုံတွေမှာ ဇူလိုင် ၁၃ ရက်၊ ည ၆ နာရီကနေ ဇူလိုင် ၁၄ ရက်၊ ည ၆ နာရီ အထိ ၂၄ နာရီအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက်ကုသသူ လူနာသစ် ၇၇ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ တစ်ရက်တာအတွင်းက ဝမ်းပျက်ဝမ်းလျှောလူနာ ၇၂ ယောက် ရှိခဲ့တဲ့အတွက် အခုလူနာသစ်တွေ့ရှိမှုနဲ့ယှဉ်ရင် ၅ ယောက် တိုးလာတာတွေ့ရပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါ လူနာသစ်တွေထဲမှာ ၁၉ ယောက်က ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ လူနာတွေဖြစ်ပြီး လူနာတွေအားလုံးရဲ့ အခြေအနေကတော့ သက်သာကောင်းမွန်တယ်လို့ ဆိုပါတယ်။
ဇူလိုင် ၁၄ ရက်မှာ ရောဂါသက်သာပျောက်ကင်းတဲ့ လူနာ ၆၆ ယောက်ကို ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့ပြီး စတင် ဖြစ်ပွားချိန်ကနေ ဇူလိုင် ၁၄ ရက်အထိဆိုရင် ဆေးရုံဆင်းလူနာစုစုပေါင်း ၅၂၁ အယောက် ရှိပြီဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။