ဆေးလိပ် အစားထိုးသုံးစွဲလာကြတဲ့ အီးစီးကရက်တွေကို ဒီကနေ့ လူငယ်တွေအကြားမှာ တွင်တွင်ကျယ်ကျယ်သုံး စွဲတာတွေ များပြားလာတာကြောင့် အဲဒီလိုသုံးစွဲမှုကို လျော့ကျစေမယ့်နည်းလမ်းတွေ အသုံးပြုသင့်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား) ပါမောက္ခ ဒေါက်တာမြင့်ဟန်က ပြောပါတယ်။
စက်တင်ဘာလ ၁၁ ရက်က ရန်ကုန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center မှာ ပြုလုပ်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အထိမ်းအမှတ် ဆွေးနွေးပွဲမှာ အခုလို ပြောကြားခဲ့တာပါ။
ကျန်းမာရေးကဏ္ဍအနေနဲ့ Vapeတွေကို ကျောင်းအနီးဝန်းကျင်တွေမှာ မရောင်းချဖို့အပြင် ဆေးလိပ်အစားထိုး ဖြတ်စက်ပမာ အန္တရာယ်မရှိတဲ့ ပုံစံမျိုးတွေနဲ့ ဆင်တူယိုးမှား ပြောဆို ကြော်ငြာတာမျိုးတွေကို ကျန်းမာရေး အသိပညာပေးအနေနဲ့ ရည်ရွယ်ဆောင်ရွက်တယ်လို့လည်း ပြောပါတယ်။

အီးစီးကရက် သုံးစွဲတာဟာလည်း ဆေးလိပ်သောက်သလို ရောဂါရနိုင်စေပြီး ရရှိလာနိုင်တဲ့ ရောဂါအခြေအနေကိုလည်း ဒေါက်တာ မြင့်ဟန်က ပြောပါတယ်။
တကယ်တော့ အီးစီးကရက်လို့ခေါ်ဝေါ်ပေမယ့် ပုံမှားရိုက်ထားတဲ့ စီးကရက်ပစ္စည်းအတုဖြစ်ပြီး မူလထုတ်လုပ်သူရဲ့ အဓိကရည်ရွယ်ချက်ကတော့ စီးကရက်စွဲလမ်းနေသူတွေ စီးကရက်ပြတ်စေလိုတဲ့သဘောနဲ့ စီးကရက်မှာ ပါဝင်တဲ့ နီကိုတင်းကို အခြားနည်းလမ်းတစ်ခုနဲ့ အစားထိုးထားတဲ့ ကိရိယာဖြစ်တယ်လို့ ဆိုပါတယ်။
အီးစီးကရက်မှာ ထည့်သွင်းအသုံးပြုတဲ့ အငွေ့ပျံနိုင်တဲ့အရည်မှာ ဓာတုဗေဒပစ္စည်းတွေ ပါဝင်တာဖြစ်ပြီး အဲဒီ ဓာတုပစ္စည်းတွေဟာ လူတွေအတွက် အဆိပ်ဖြစ်စေတဲ့ အရာဝတ္ထုတွေဖြစ်လို့ ကျန်းမာရေးအတွက် ထိခိုက်မှု များစွာရှိတယ်လို့ လေ့လာတွေ့ရှိချက်အရ သိရပါတယ်။