ကရင်ပြည်နယ်၊ မြဝတီမြိုနယ်၊ ရွှေကုက္ကိုလ်ကျေးရွာမှာဖြစ်ပွားတဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုတွေမှာ ကာလဝမ်းရောဂါပိုးတွေ့ရှိရပြီး ဒီဇင်ဘာ၁၉ရက်က လူနာတစ်ယောက်သေဆုံးခဲ့တယ်လို ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ရွှေကုက္ကိုလ်ကျေးရွာက သီတဂူချစ်သူဆေးရုံမှာ ဒီဇင်ဘာ၁၇ရက်ကနေ ၂၃ရက်အထိ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာတွေနဲ့ ဆေးရုံတက်ရောက်ကုသမှုခံယူသူ စုစုပေါင်းလူနာ ၁၀၄ယောက်ရှိခဲ့ပြီး ဒီဇင်ဘာ၂၃ရက်မှာ တက်ရောက်ဆဲလူနာ ၁၉ယောက်ရှိတယ်လိုဆိုပါတယ်။ဒီဇင်ဘာ၁၉ရက်က သေဆုံးခဲ့တဲ့လူနာကလည်း နှလုံးရောဂါအခံရှိသူဖြစ်တယ်လို သိရပါတယ်။

ရွှေကုက္ကိုလ်ကျေးရွာက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားတဲ့ဖြစ်စဉ်မှာ ရောဂါကူးစက်မှုတွေဟာ အလုပ်သမားတွေနေထိုင်တဲ့ နေရာမှာ အများဆုံးဖြစ်ပွားတာကို တွေ့ရပြီး အဲ့ဒီနေရာတွေမှာ ရေနဲ့ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာလုပ်ငန်းတွေ၊ သန့်၄သန့်လုပ်ငန်းတွေနဲ့ ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေတယ်လို ဖော်ပြထားပါတယ်။
ရွှေကုက္ကိုလ်ကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားတယ်လို သတင်းရရချင်း ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ပြီး သီတဂူချစ်သူဆေးရုံကို လိုအပ်တဲ့ဆေးဝါးတွေကို အချိန်နဲ့တပြေးညီထောက်ပံ့ပေးခဲ့ရာမှာ ရောဂါကာကွယ်ကုသရေးအတွက် အကြောဆေးသွင်းရည်တွေ၊ လိုအပ်တဲ့ Bleaching Powderပုံးတွေ၊ ရေသန့်ဆေးပြားတွေ၊ ဓာတ်ဆားထုပ်တွေ၊ ပဋိဇီဝဆေးတွေကို ပိုဆောင်ထောက်ပံ့ပေးခဲ့တယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒ့ါအပြင် မြဝတီ-ဘားအံလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ကော့ကရိတ်၊ လှိင်းဘွဲနဲ့ ဘားအံမြိုနယ်တွေမှာလည်း ဝမ်းပျက်ဝမ်းလျှောရောဂါ စောင့်ကြပ်ကြည့်ရှုတဲ့လုပ်ငန်းတွေကို အထူးအလေးထားဆောင်ရွက်ဖို ညွှန်ကြားထားပြီး လိုအပ်ရင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းတွေကို ကွင်းဆင်းတုံပြန်ဆောင်ရွက်နိုင်ရေးအဖွဲတွေကို ဖွဲစည်းထားရှိပြီးဖြစ်တယ်လိုလည်း သိရပါတယ်။
မြဝတီဆေးရုံမှာလည်း လိုအပ်တဲ့ဆေးဝါးတွေကို စုပုံထားရှိပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲတွေကတောင်းခံတဲ့ပမာဏအတိုင်း ထောက်ပံ့ပေးနိုင်ဖို စီစဉ်ထားတယ်လို ဆိုပါတယ်။လိုအပ်ရင် ကမ္ဘာ့ကျန်းမာရေးအဖွဲရဲ့ ပံ့ပိုးမှုနဲ့ မြဝတီမြိုနယ်၊ ရွှေကုက္ကိုလ်ကျေးရွာနဲ့ ဆက်စပ်နေတဲ့ မြဝတီမြိုနယ်၊ ဘားအံမြိုနယ်၊ လှိင်းဘွဲမြိုနယ်တွေမှာ ရောဂါဖြစ်ပွားနိုင်ချေမြင့်မားတဲ့လူအုပ်စုတွေကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံပြန်ကာကွယ်ဆေး (OCV) တိုက်ကျွေးနိုင်ရေး စီစဉ်ဆောင်ရွက်မယ်လို ထုတ်ပြန်ထားပါတယ်။
၂၀၂၄ခုနှစ်၊ ဇူလိုင်လကစတင်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တချိုမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုတွေနဲ့ပတ်သက်ပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှာ ပေးပိုစစ်ဆေးချက်အရ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ ကာလဝမ်းရောဂါပိုး ကူးစက်ဖြစ်ပွားတာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို ဆိုပါတယ်။လက်ရှိအချိန်ထိတော့ မြန်မာနိုင်ငံမှာ နိုရိုဗိုင်းရပ်စ် ကူးစက်မှုမရှိသေးဘူးလိုလည်း သိရပါတယ်။
နေပြည်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုအခြေအနေကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုတာနဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေတယ်လို ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တခြားရောဂါဖြစ်ပွားတဲ့ဒေသတွေမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး ဆေးရုံတွေမှာ ဆေးကုသမှုပေးတာ၊ ဆေးရုံကတစ်ဆင့် ရောဂါပိုးပြန့်ပွားမှုမရှိစေရေးထိန်းချုပ်တာ၊ ကလိုရင်းဆေးခတ်တဲ့လုပ်ငန်း၊ ရေသန့်ဆေးပြားတွေဖြန့်ဝေတဲ့လုပ်ငန်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတုံပြန်ကာကွယ်ဆေး(OCV)တိုက်ကျွေးတဲ့လုပ်ငန်း၊ ရောဂါဖြစ်ပွားသူရဲ့နေအိမ်ကိုသွားရောက်ပြီး ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရေးအတွက် အနီးကပ်ထိတွေ့သူတွေကို ပဋိဇီဝဆေးတိုက်ကျွေးတဲ့လုပ်ငန်းတွေကို အထူးအလေးထားပြီး အချိန်နဲ့တပြေးညီဆောင်ရွက်နေတယ်လို ထုတ်ပြန်ထားပါတယ်။