ကရင်ပြည်နယ်၊ မြဝတီမြိုနယ်အတွင်း ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ သောက်သုံးရေတွေ ဖြန့်ဝေပေးနေတဲ့ လုပ်ငန်းတွေကို ဒီဇင်ဘာ၂၄ရက်က ကွင်းဆင်းစစ်ဆေးခဲ့တယ်လို မြိုနယ်စည်ပင်သာယာရေးအဖွဲကနေ သိရပါတယ်။

ကွင်းဆင်းစစ်ဆေးတာကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိုနယ်စည်သာယာရေးအဖွဲ၊ မြိုနယ်ကျန်းမာရေးဌာနနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေက တာဝန်ရှိသူတွေပါဝင်တဲ့ပူးပေါင်းအဖွဲနဲ့ ဆောင်ရွက်ခဲ့တာလို ဆိုပါတယ်။
အဲ့ဒီလိုစစ်ဆေးရာမှာ မြဝတီမြိုနယ်အတွင်းရှိ မြဝတီရွှေပြည်ရေပေးဝေရေးကုမ္ပဏီက မြိုတွင်းရေပေးဝေရေး စနစ်မှာ အသုံးပြုသွယ်တန်းထားတဲ့ ရေပိုက်တွေကောင်းမွန်မှု ရှိ/မရှိနဲ့ ဖြန့်ဝေပေးတဲ့ ရေအရည်အသွေး၊ ရေသန့်စင်မှုနှုန်း စံသတ်မှတ်ချက်ပြည့်မီမှု ရှိ/မရှိတိုကို စစ်ဆေးခဲ့တယ်လို သိရပါတယ်။

ဒါ့အပြင်Nice သောက်ရေသန့်နဲ့ စံပယ်လှိင်သောက်ရေသန့် စက်ရုံတိုကိုလည်း ရေသန့်ဘူးတွေထုတ်လုပ်ရာမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စည်းကမ်းချက်တွေနဲ့အညီလိုက်နာမှု ရှိ/မရှိ၊ ရေသန့်ဘူးခွံတွေသန့်ရှင်းမှုရှိ/မရှိ၊ ရေသန့်ဘူးတွေကို နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှု မရှိစေရေးနဲ့ ရေသန့်ဘူးတွေ ပိုဆောင်ရာမှာ အမိုးပါတဲ့ မော်တော်ယာဉ်တွေနဲ့ သယ်ဆောင်ကြရေးတိုကို စစ်ဆေးခဲ့ကြတယ်လို သိရပါတယ်။

မြဝတီခရိုင်၊ ရွှေကုက္ကိုလ်မြိုမှာ ကလဝမ်းရောဂါကြောင့် နှစ်ဦးသေဆုံးပြီး လူအယောက်၃၀၀ကူးစက်ခံထားရတယ်လို ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ ဘန်ကောက်ပိုစ်သတင်းဌာနက ရေးသားဖော်ပြထားပြီး ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဝမ်းရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဘန်ကောက်ပိုစ်သတင်းမှာ ဖော်ပြထားပါတယ်။