မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ထားမှုကြောင့် ဖြစ်ပွားမှု လျော့ကျလာတယ်လို့ မကွေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရ ပါတယ်။
မကွေးမြို့အတွင်းက ရပ်ကွက်တွေထဲမှာ ကျန်းမာရေးဝန်ထမ်းတွေ နဲ့ တာဝန်ရှိသူတွေက ကြိုတင် ကာကွယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်တာ ရောဂါအကြောင်းအသိပညာပေးတာတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် နှစ်စဥ်စီမံချက် ရေးဆွဲဆောင်ရွက်နေပြီး အခုနှစ်မှာလည်း ရောဂါ ဖြစ်ပွားမှု လျော့ကျလာတယ်လို့ မကွေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန တာဝန်ခံဆရာမ ဒေါ်ဌေးဌေးမော်က ပြောပါတယ်။

သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားအောင် မနက် ၈ နာရီကနေ ညနေ ၃ နာရီအတွင်း ကိုက်တဲ့ခြင်က သွေးလွန် တုပ်ကွေး ရောဂါဖြစ်ပွားမှု များတဲ့အတွက် ကလေးရှိတဲ့အိမ်တွေမှာ လေဝင်လေထွက်ကောင်းအောင်၊ ပတ်ဝန်းကျင် သန့်ရှင်းအောင်၊ တကိုယ်ရေသန့်ရှင်းအောင် ထားရှိဖို့ လိုအပ်ပြီး ကလေးတွေ နေ့လယ်ခင်း အိပ်ရင်လည်း ခြင်ထောင်ထောင်အိပ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
သွေးလွန်တုပ်ကွေး ရောဂါ မဖြစ်ပွားအောင် ရပ်ကွက်တွေထဲထိ ကျန်းမာရေးအသိပညာပေး လုပ်ဆောင်တာဖြစ်လို့ ထိရောက်မှုရှိတယ်လို့လည်း အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။
သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကိုတော့ မကွေးမြို့၊ ရပ်ကွက်နဲ့ကျောင်းတွေမှာ ရောဂါအဖြစ်များတဲ့ မိုးရာသီအစ မေလကနေ စက်တင်ဘာလအထိ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း သိရ ပါတယ်။