မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က ကျောက်ရေတွင်းရွာမှာ ဇူလိုင်လ ၈ ရက်၊ နေ့လယ်ပိုင်းက ကလေးတွေအပါ အဝင် လူ ၅၇ ယောက် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ယောက်က One News ကို ပြောပါတယ်။
ကျောက်ရေတွင်းရွာက မင်္ဂလာဆောင်မှာ ဧည့်ခံကျွေးမွေးတဲ့ ကြက်သားဒံပေါက်နဲ့သရက်ချဥ်ကို စားပြီးနောက် မူးဝေအော့အန်ကာ အစာအဆိပ်သင့်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်၊၊

အဲဒီမင်္ဂလာဆောင်က ကျွေးမွေးတာကိုစားရာကနေ လူ ၁၃ ယောက်က အရင်ဆုံး အစာအဆိပ်သင့်ခဲ့ပြီး ညနေ ၄ နာရီအချိန်မှာတော့ အစာအဆိပ်သင့်လို့ ဆေးရုံတင်ရတာက စုစုပေါင်း ၅၇ ယောက်အထိ ရှိခဲ့တာဖြစ်တယ်လို့ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်
ဘီးလင်းမြို့နယ်ဆရာဝန်ရဲ့ ဓာတ်ခွဲစစ်ဆေးချက်အရ မင်္ဂလာဆောင်မှာ ဧည့်ခံကျွေးမွေးတဲ့ ကြက်သားဒံပေါက် နဲ့သရက်ချဥ်ထဲက ကြက်သားဟာ မလတ်ဆတ်တာကြောင့် အစာအဆိပ်သင့်မှု ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ တော့ အစာအဆိပ်သင့်တဲ့လူတွေရဲ့အခြေအနေက စိုးရိမ်ရတဲ့လက္ခဏာမျိုး မရှိတော့ဘူးလို့ သိရပါတယ်။