ပြည်သူတွေလိုအပ်နေတဲ့ ဆေးဝါးတွေကို ပြည့်မီအောင် ဖြည့်ဆည်းနိုင်ရေးအတွက် အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာဝင်းကြိုင်က ပြောပါတယ်၊၊

ဖေဖော်ဝါရီ ၃ ရက်က ရန်ကုန်မြို့၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှာ ကျင်းပတဲ့ ဒုတိယအကြိမ် ဆေးကုမ္ပဏီတွေက ပြည်သူတွေကို တိုက်ရိုက်ဆေးရောင်းချပွဲ အခမ်းအနားမှာ ပြောကြားခဲ့တာပါ၊၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ သွင်းကုန်လိုင်စင်တွေကို လစဉ်လတိုင်း စိစစ်ခွင့်ပြု ပေး နေပြီး ရရှိလာတဲ့ဆေးဝါးတွေကိုလည်း ဖြန့်ဖြူးရောင်းချပေးနေတယ်လို့ ဒေါက်တာဝင်းကြိုင်က ပြောပါ တယ်၊၊

လက်ရှိမှာ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းကနေ ဆေးဝါး စျေးနှုန်းကြီးမြင့်မှု မရှိစေရေးနဲ့ စျေးနှုန်းသက်သာစွာ ဝယ်ယူရရှိစေရေးအတွက် ရည်ရွယ်ပြီး အရောင်းစင်တာတွေ ဖွင့်လှစ်ကာ ဆေးကုမ္ပဏီတွေ က ပြည်သူတွေကို တိုက်ရိုက်ဆေးရောင်းချပွဲကိုလည်း ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်၊၊