ဂျပန်နိုင်ငံအခြေစိုက် Ingo Peace ကနေ မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက် လိုအပ်တဲ့နေရာဒေသတွေမှာ အသုံးပြုနိုင်ဖို့ အမေရိကန်ဒေါ်လာ ၄ သိန်းခွဲကျော်တန်ဖိုးရှိတဲ့ ဆေးဝါးတွေနဲ့ဆေးလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းကိရိယာတွေကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။
အဲဒီ ပေးအပ်လှူဒါန်းတဲ့အခမ်းအနားကို စက်တင်ဘာ ၁ ရက်၊ ညနေပိုင်းက ရန်ကုန်မြို့ Chatrium Hotel မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေ၊ Ingo Peace ကတာဝန်ရှိသူတွေ UMFCCI က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး လှူဒါန်းမှုကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနဲ့တာဝန်ရှိသူတွေက လက်ခံရယူခဲ့တာဖြစ်ပါတယ်။

ဂျပန်နိုင်ငံကလှူဒါန်းတဲ့ဆေးဝါးတွေကို မြန်မာနိုင်ငံရဲ့ လိုအပ်တဲ့ဒေသတွေအတွက် အကျိုးရှိရှိအသုံးချသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက အချိန်ပိုင်းအလုပ်အမှုဆောင် ဦးကျော်မျိုးသူကပြောပါတယ်။
Ingo Peace အဖွဲ့အစည်းအနေနဲ့ မြန်မာနိုင်ငံအတွက်အခုလိုလှူဒါန်းတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဆက်လက်လှူဒါန်းနိုင်ဖို့လည်းဆောင်ရွက်သွားဖို့ရှိတယ်လို့သိရပါတယ်။