ပြည်သူတွေအနေနဲ့ဆေးဝါးတွေ ဝယ်ယူရာမှာ နာမည်ကြီး အမျိုးအစားဆေးဝါးတစ်မျိုးကို စွဲပြီးမသုံးဘဲ အမျိုး အစားနဲ့ ဆေးအာနိသင်တူတဲ့ FDA အသိအမှတ်ပြု ဆေးဝါးကို သုံးစွဲမယ်ဆိုရင် ဆေးဝါးပြတ်လပ်မှုကို ထိန်းချုပ် နိုင်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ ဝင်းကြိုင်က ပြောပါတယ်၊၊
လက်ရှိမှာလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး ဆေးကုမ္ပဏီတွေက သက်သာတဲ့ ဈေးနှုန်းတွေနဲ့ ပြည်သူတွေကို ဇူလိုင်လ ၁၇ ရက်ကစတင်ကာ ဆေးဝါးတွေ ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ နာမည်ကြီး အမျိုးအစားဆေးဝါးတစ်မျိုးကို စွဲပြီးမသုံးဘဲ အခြားစျေးနှုန်းသက်သာတဲ့ ဆေးအာနိသင်တူ FDA အသိအမှတ်ပြု ဆေးဝါးတွေကို သုံးစွဲစေလိုတယ်လို့ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ ဝင်းကြိုင်က ပြောပါတယ်၊၊
လက်ရှိမှာလည်း ပြည်တွင်းမှာ အများပြည်သူအသုံးများတဲ့ အကိုက်အခဲပျောက်ဆေး၊ အာရုံကြောအားဆေး၊ အစာအိမ်ဆေး၊ လေဆေး၊ ဒဏ်ကြေးလိမ်းဆေး စတဲ့ အိမ်သုံးဆေးဝါးတွေဟာ အရင်ထက် ဈေးနှုန်းမြင့်တက်နေပြီး နာတာရှည်သုံးဆေးဝါးတွေဖြစ်တဲ့ နှလုံး၊ ဆီးချို၊ သွေးတိုးရောဂါ ဆေးဝါးတွေလည်း ဈေးနှုန်းကြီးမြင့်နေတယ်လို့ သိရပါတယ်၊၊