ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်မှာ စက်တင်ဘာလ ၃ ရက်ညပိုင်းက အင်္ဂလိပ်ဆေးသောက်ပြီး မြန်မာဆေး မှားယွင်းထပ်သောက်မိတဲ့အမျိုးသားကြီးတစ်ယောက် သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ မုဒိတာလူမှုပရဟိတအသင်း(ကွမ်းခြံကုန်းမြို့)ကနေသိရပါတယ်၊၊
ဖြစ်စဉ်မှာ စက်တင်ဘာလ ၃ ရက် ည ၈ နာရီခွဲအချိန်လောက်က ကွမ်းခြံကုန်းမြို့နယ်၊ မရမ်းကျေးရွာနေသူ အသက် ၅၈ နှစ်အရွယ်အမျိုးသားကြီးတစ်ယောက်ဟာ အင်္ဂလိပ်ဆေးသောက်ပြီးနောက် မြန်မာဆေးကိုထပ်သောက်ခဲ့ရာကနေ မူးမေ့လဲကျမှုဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်၊၊

အဲဒီနောက် မုဒိတာလူမှုပရဟိတအသင်းက အမျိုးသားကြီးကို ကွမ်းခြံကုန်းဆေးရုံကိုကူညီပို့ဆောင်ပေးခဲ့ကာ ဆေးရုံရောက်တော့ဆေးကုသရင်း နာရီဝက်အကြာမှာသေဆုံးခဲ့တာဖြစ်တယ်လို့ အသင်းရဲ့တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ လက်ရှိမှာတော့ သေဆုံးသူရုပ်အလောင်းကို နေအိမ်ကိုပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့လည်းသိရပါတယ်၊၊
ဓာတ်ပုံ-မုဒိတာလူမှုပရဟိတအသင်း(ကွမ်းခြံကုန်းမြို့)