ကျန်းမာရေးကို ထိခိုက်စေတဲ့ စားသုံးဖို့ မသင့်တဲ့ အစားအသောက် ၁၄ မျိုးကို ကျန်းမာရေးဝန်ကြီးဌာန၊ အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ပါတယ်။
ဈေးဆိုင်တွေ၊ကျောင်းမုန့်ဈေးတန်းတွေ မှာ ရောင်းချနေတဲ့ အစားအသောက်တွေကို ဝယ်ယူစစ်ဆေးရာ အစားအသောက် ၁၄ မျိုးဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ခွင့်မပြု ဆိုးဆေးတွေနဲ့ ခွင့်ပြုအစားအသောက် ထပ်ဖြည့် ပစ္စည်းတွေကို သတ်မှတ်ပမာဏထက် ကျော်လွန်သုံးစွဲထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

စားသုံးဖို့ မသင့်တာကို စစ်ဆေးတွေ့ရှိတဲ့ အစားအသောက်တွေကတော့ Master တံဆိပ်နဲ့ ခွန်အားဖြည့် အချိုရည်၊ ကိုးသုံးလုံး ပဲငပိပြား၊ ရွှေဆည် ယိုစုံ၊ မိဘမေတ္တာ သီးစုံအအေး၊ Ice Lemon သံပုရာအချိုရည်၊ ရတနာမျှင်ငပိ၊ ဦး ပုန်းရည်ကြီး၊ Power Bull Energy Drink စတဲ့ အစားအသောက်တွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီအစားအသောာက်တွေကို ရေရှည်စားသုံးမိရင် အစာအိမ်၊ အသည်း၊ ကျောက်ကပ်တွေ ပျက်စီးတာနဲ့ ကင်ဆာ ရောဂါတွေ ဖြစ်ပွားစေနိုင်တဲ့အတွက် စားသုံးတာ မပြုလုပ်ဖို့ အသိပေးထားတာ ဖြစ်ပါတယ်။
အစားအသောက် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူတွေအနေနဲ့ အစားအသောက်မှာ သုံးစွဲဖို့ ခွင့်မပြုတဲ့ ဆိုးဆေး တွေ၊ တာရှည်ခံဓာတုပစ္စည်းတွေကို လုံးဝအသုံးမပြုဖို့နဲ့ လိုက်နာဆောင်ရွက်တာ မရှိရင် အမျိုးသားအစားအ သောက် ဥပဒေပုဒ်မ၂၈ (က) အရ အရေးယူသွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
