ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဩဂုတ်လ ၁၂ ရက် ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ ဩဂုတ်လ ၄ ရက်ကနေ ၁၁ ရက်အထိ တစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၁၇ ယောက်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က ကိုဗစ်လူနာသစ် ၂၆ ယောက်တွေ့ရှိခဲ့ပြီး အခုတစ်ပတ်မှာတော့ ၁၇ ယောက်တွေ့ရှိခဲ့တဲ့ အတွက် ကိုဗစ်လူနာသစ်တွေ့ရှိမှုက ၉ ယောက် လျော့နည်းသွားတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ဗီဇပြောင်းမျိုးကွဲတွေကို တွေ့ရှိရကြောင်း ကြေညာထားပြီးဖြစ်တဲ့အတွက် ရောဂါအခံ ရှိသူတွေအနေနဲ့ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်း ထားပါတယ်၊၊