ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၁၅ ရက် ည၈နာရီ ထုတ်ပြန်ချက်အရ ဇူလိုင် ၇ ရက်ကနေ ၁၄ ရက်အထိ တစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၄၁ ယောက်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က ကိုဗစ်လူနာသစ် ၄၅ ယောက်တွေ့ရှိခဲ့ပြီး အခုတစ်ပတ်မှာတော့ ၄၁ ယောက်တွေ့ရှိခဲ့တဲ့ အတွက် ကိုဗစ်လူနာသစ်တွေ့ရှိမှုက ၄ ယောက်လောက်လျော့နည်းသွားတာကို တွေ့ရပါတယ်။
ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာလည်း ၀ ဒသမ ၀၉ ရာခိုင်နှုန်းရှိပြီး ကိုဗစ်ရောဂါနဲ့ သေဆုံးသူမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ဗီဇပြောင်းမျိုးကွဲတွေကို တွေ့ရှိရကြောင်း ကြေညာထားပြီးဖြစ်တဲ့အတွက် ရောဂါအခံ ရှိသူတွေအနေနဲ့ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်း ထားပါတယ်၊၊