ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၈ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ဇွန်လ ၃၀ ရက်ကနေ ဇူလိုင်လ ၇ ရက်အထိ တစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၄၅ ယောက်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က ကိုဗစ်လူနာသစ် ၄၉ ယောက်တွေ့ရှိခဲ့တာကြောင့် အခုတစ်ပတ်မှာ ကိုဗစ်လူနာသစ်တွေ့ရှိမှု ၄ ယောက် လျော့နည်းသွားတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ဗီဇပြောင်းမျိုးကွဲတွေကို တွေ့ရှိရကြောင်း ကြေညာထားပြီးဖြစ်တဲ့အတွက် ရောဂါအခံ ရှိသူတွေအနေနဲ့ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်း ထားပါတယ်၊၊