အခုနှစ်အတွင်း ကမ္ဘာ့မြောက်ဘက်ခြမ်းရှိ နိုင်ငံအများအပြားမှာ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုတွေ မြင့်တက်လာနိုင်တယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။

အခုလို အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုတွေ မြင့်တက်လာနိုင်တာက ပုံမှန်အားဖြင့် ရာသီတုပ်ကွေး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပေါင်းစပ် ဗိုင်းရပ်စ်(RSV)၊ human metapneumovirus (hMPV)နဲ့ mycoplasma pneumoniae အပါအဝင် အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတွေ ပျံ့နှံ့မှုကြောင့် ဖြစ်ပေါ်လာတာလို့ ဆိုပါတယ်။

လက်ရှိ ကမ္ဘာ့မြောက်ခြမ်းက နိုင်ငံအချို့မှာ တုပ်ကွေးလို ဖျားနာမှု(ILI)တွေ ဒါမှမဟုတ် ပြင်းထန်တဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်မှု(ARI) နှုန်းတွေကြောင့် မကြာသေးမီ ရက်သတ္တပတ်တွေအတွင်းက မြင့်တက်လာ ပါတယ်။ ဒါ့ကြောင့် နိုင်ငံအများအပြားမှာ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါတွေနဲ့ အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးတွေကို အနီးကပ် စောင့်ကြည့်မှုတွေ ပြုလုပ် နေကြပါတယ်။