ကင်ဆာဆဲလ်တွေကနေ သာမန်ဆဲလ်တွေအဖြစ်ပြောင်းပြီး ကင်ဆာရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်မယ့် နည်း လမ်းကို တောင်ကိုးရီးယားသုတေသီတွေ ရှာဖွေတွေ့ရှိခဲ့ကြောင်း Advenced Science သတင်းမှာ ရေးသားထားပါတယ်။

အူမကြီးကင်ဆာဆဲလ် သက်သာပျောက်ကင်းစေမယ့်နည်းလမ်းကို ရှာဖွေရင်း ဆဲလ်တွေကို ကျန်းမာတဲ့ အခြေအနေ ပြန်ဖြစ်စေဖို့အတွက် မျိုးရိုးဗီဇတချို့ကို တောင်ကိုးရီးယားသုတေသီတွေက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါ တယ်။ အောင်မြင်ခဲ့တာကြောင့် အဲဒီနည်းပညာက ကင်ဆာကုသမှုကို ချဉ်းကပ်ရာမှာ များစွာ သက်ရောက်မှု ရှိတယ်လို့ ဆိုပါတယ်။

ဒါက ကင်ဆာရောဂါထိန်းချုပ်နိုင်ပြီး ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ မကောင်းတဲ့ဆဲလ်တွေကို တားဆီးနိုင်ဖို့အတွက် နည်းလမ်းရှာဖွေမှုရဲ့ အောင်မြင်မှုလည်း ဖြစ်ပါတယ်။ ကင်ဆာဆဲလ်တွေကို ပုံမှန်ဆဲလ်တွေ အဖြစ် ပြန်ပြောင်းနိုင်တယ်ဆိုတာ အံ့သြစရာကောင်းတဲ့ ဖြစ်စဉ်တစ်ခုလို့ သုတေသနလုပ်ငန်းကို ဦးဆောင်သူ KAIS ပါမောက္ခ ကပြောကြားထားပါတယ်။