ဝါရင့်ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ ဦးမောင်မောင်မြင့်ဟာ မေလ ၇ ရက် မနက်ပိုင်းက လူကြီးရောဂါနဲ့ နေအိမ်မှာ ကွယ်လွန်ခဲ့တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက One News ကို ပြောပါတယ်၊၊

ဦးမောင်မောင်မြင့်ဟာ ကွယ်လွန်ချိန်မှာ အသက်(၉၃)နှစ်ရှိပြီး မေလ ၇ ရက် မနက် ၁၀ နာရီကျော် အချိန်လောက် က နေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်၊၊သရုပ်ဆောင်၊ ဒါရိုက်တာ အနေနဲ့ ရုပ်ရှင်၊ဗီဒီယို ဇာတ်ကားပေါင်းများစွာမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ ဝါရင့်အနုပညာရှင် ဦးမောင်မောင်မြင့်ဟာ ကဗျာဆရာ တစ်ယောက်အဖြစ်နဲ့ပါ လူသိများခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင် ပြေငြိမ်းရဲ့ ဖခင်လည်း ဖြစ်ပါတယ်၊၊