နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာ မေလ ၅ ရက် ညနေပိုင်းက ဒါရိုက်တာ စင်ရော်မောင်မောင် မောင်းနှင်းလာတဲ့ ယာဉ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ဘယ်ဘက်ပေါင်လယ်ရိုး ကျိုးသွားခဲ့တယ်လို့ သားဖြစ်သူ မင်းသန့်မောင်မောင်က လူမှုကွန်ရက်စာမျက်နှာမှာ အသိပေး ရေးသားထားပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်ကတော့ မေလ ၅ ရက် ညနေ ၅ နာရီကျော်အချိန်လောက်က နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် ဆေးရုံအနီးမှာ ဖြစ်ပွားခဲ့တာပါ။ ဘယ်ဘက်ယာဉ်ကြောကနေ မောင်းလာတဲ့ယာဉ်က ရှေ့ကားကို ကျော်တက်ပြီး စင်ရော်မောင်မောင် မောင်းနှင်လာတဲ့ယာဉ်ကို ဝင်ရောက် တိုက်မိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်၊၊

ယာဥ်တိုက်မှုကြောင့် စင်ရော်မောင်မောင်နဲ့အတူ နောက်ထပ်အမျိုးသား သုံးယောက်လည်း ထိခိုက်ဒဏ်ရာရရှိ ခဲ့ပြီး လူငယ်တွဲလက်များလူမှုကူညီရေးအဖွဲ့ကယာဉ်နဲ့ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ် လို့ သိရပါတယ်။ ဒါရိုက်တာ စင်ရော်မောင်မောင်ကို CT Scan စစ်ပြီးချိန်မှာ ဘယ်ဘက် ပေါင်လယ်ရိုး ကျိုးသွား တာသာရှိပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိတဲ့အတွက် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှာ Operation ပြုလုပ်ပြီး ဆက်လက်ကုသဖို့ စီစဉ်နေတယ်လို့ သားဖြစ်သူ မင်းသန့်မောင်မောင်က လူမှုကွန်ရက် စာမျက်နှာမှာ အသိပေး ရေးသားထားပါတယ်၊၊